Subscribe Twitter FaceBook

Monday, November 30, 2009

ဂျစ်ပစီ



ဂျစ်ပစီ

ဟောင်းလောင်းပေါက်အိပ်မက်နဲ့
လေထဲ ….. လွင့်ချင်သလိုလွင့်နေတဲ့
ဖဲကြိုးစကလေး
ခြေဦးတည့်ရာမိုးတိမ်
အလေ့ကျပေါက်ပင်လို အကျင့်စရိုက်များ
ကောင်းကင်ဟာ ဝတ်လစ်စလစ်လမ်းမလောက်မကျယ်ဘူး
ကိုယ်ကလည်း ဒီလို ….
လျော့တိလျော့ရဲသက်တန့်ကိုမှ မြိုချမိတယ် ။


သူ ရ ဿ ဝါ
ရ သ စ ာ ေ ပ အ ႏ ု ပ ည ာ ဘ ေ လ ာ ့ ဂ်
H t t p : / / T h u R a T h a W a h . M y a n m a r b l o g g e r s . I n f o

Saturday, November 28, 2009

နှင်းဆီဖြူစာတမ်း




နှင်းဆီဖြူစာတမ်း






(၁း ၁)
နှင်းဆီပန်းဖြူဖြူလေးတစ်ပွင့် ပွင့်လာသည်။ “ကိုယ့် …. နောက်ဆုံးအချိန်ရောက်ပြီ” ဟု ကိုယ်သိလိုက်ရ၏။ ကိုယ့်အနီးတစ်ဝိုက်တွင် ဘယ်လိုရနံ့များ လွင့်ပျံ့နေပြီလဲ။ ကိုယ်မသိပါ ….. ကိုယ့်အနား နှင်းဆီဖြူလေးမရှိပါ။ ထို့ကြောင့် ကိုယ့်အနားမှာ ကိုယ်မရှိပါ။ သေချာသည် ….. ရနံ့ကလည်း နှင်းဆီဖြူလေးနား ဝေ့ဝဲမနေနိုင်ပါ။


(၂း ၁)
အိမ်ယာမဲ့တစ်ဦး၏ အိမ်လွမ်းနာမျိုးဖြင့် နှင်းဆီဖြူကိုတမ်းတမိသည်။ နှင်းဆီဖြူက သင်းပျံ့ထုံဝေ ပန်းကလေးတစ်ပွင့် ဖြစ်သည်ဆိုလျှင် ကိုယ်က ပန်းပင်ကလေးအား စိုက်ပျိုးရာမြေသားဖြစ်ချင်ပါသည်။ လွမ်းသည် …. လွမ်းသည် …. နှင်းဆီမျက်ဝန်းလေးကိုလွမ်းသည်။ ဝတ်မှုန်နှုတ်ခမ်းလေးတွေကိုလွမ်းသည်။ နှင်းဆီဖြူ၏ ဝင့်ဝါရှင်သန်ခြင်းအတွက် ကိုယ့်ကိုယ်ကိုပင် ပြန်လည်စိုက်ပျိုးပေးလိုက်ချင်ပါသည်။


(၂း ၂)
ကောင်းကင်နှင့်မြေပြင်ကြား နှင်းဆီဖြူလေးနားမှာပင် နေလိုက်ချင်သည်။ ကိုယ့်အား “ပန်းဖြစ်ရုပ်ကြွင်း” ဖြစ်ခွင့်ပေးပါ။ ကိုယ် …. အရောင်မစုံသောသက်တန့်ဖြစ်နေ၏။ ကိုယ် လေပြေလေညှင်းဖြစ်နေ၏။ ကိုယ် ပင်လယ်တစ်စင်းဖြစ်နေ၏။ ကိုယ် …. နှင်းဆီဖြူဖြူတစ်ပွင့်ဖြစ်နေပြန်သည်။


(၃း ၁)
မာယာစိုလူးသည့် ဆောင်းနံနက်ခင်းမဟုတ်သော်လည်း နှင်းဆီဖြူ၏မျက်ဝန်းများတွင် မာနဆူးဝတ်ရုံ ခြုံထားသည်ကိုသိရသောအခါ …. ကိုယ် တိတ်တဆိတ်ကြေကွဲမိ၏။ ယခုတော့ …. ကိုယ်သိပြီ။ ကိုယ် ဘယ်တော့မှ နှင်းဆီဖြူဖြူတစ်ပွင့်ဖြစ်မလာနိုင်ပါ။ ကိုယ်ဘယ်တော့မှ ပင်လယ်တစ်စင်းဖြစ်မလာနိုင်ပါ။ ကိုယ်ဘယ်တော့မှ လေပြေလေညှင်းဖြစ်မလာနိုင်တော့ပါ။ ကိုယ်သည် ကိုယ့်ကိုယ်ကို ကိုက်ခဲထားရသော “ကျောက်ဖြစ်ရုပ်ကြွင်း” ပြန်ဖြစ်သွား၏။


(၃း ၂)
ကိုယ်သည် အဆိပ်လူးခံထားရသော မြှားတစ်စင်းသာဖြစ်သည်။ ကိုယ်သည် ပန်းစောင့်ဘီလူးဖြစ်သည်။ ကိုယ်သည် ပိုးပိုးပေါက်ပေါက်ကြွေနေသော ကြယ်မွှားတစ်စင်းဖြစ်သည်။ လူငယ်တစ်ဦး၏ချစ်ခြင်းတရားသည် လိပ်ပြာတစ်ကောင်၏ပျံဝဲမှုလောက်တောင် မလှပနိုင်ခဲ့။ ချစ်သူ၏အပြုံးတစ်ပွင့်အတွက် ငရဲမီးတောက်ကိုပင် ဆွဲလှန်မှောက်ပစ်ပေးချင်သော်လည်း ကိုယ့်အား ထိုသို့စေခိုင်းမည့် ခပ်ချွဲချွဲအမိန့်သံလေးမရှိပါ။ နှင်းဆီဖြူ၏ ငယ်ဘဝကစားဖော်တစ်ဦးမဖြစ်ခဲ့ရခြင်းအတွက် နောင်တမရသော်လည်း သူနားထောင်ချင်သောသီချင်းတစ်ပုဒ် မဖြစ်နိုင်သည့်အတွက်တော့ ဝမ်းနည်းမိ၏။ မည်သူနှင့်မျှမတိုက်ခိုက်ရပါဘဲ ကျရှုံးသွားသည့်စစ်သည်တစ်ဦး၏ သိက္ခာမာနအား ကိုယ်ချင်းစာတတ်လာသည်။


(၄း ၁)
လေရူးတို့ မှုန်မှုန်မှိုင်းမှိုင်းတိုက်ခတ်ကြပြီ။ ဘယ်လိုရနံ့ရိုင်းရိုင်းတွေထဲ ကိုယ်မျောသွားခဲ့ရပြီလဲ။ ချစ်ခြင်းတရားက ကိုယ့်အား ဓါးတစ်လက်လိုခုတ်ပိုင်းပစ်သည်။ မနာကျင်ပါ …. ကိုယ် …. လွမ်းမိ၏။ နာကျင်ကိုက်ခဲချင်လှပါသည်။ ထို့ကြောင့် ….. ကိုယ့်အား တစ်ချက်မျှကြည့်ပြီး ဥပေက္ခာပြုပါ နှင်းဆီဖြူ။ နှင်းဆီဆူးဖြင့် ကိုယ်ရူးချင်ပါသည်။ နောင်တွင် … “နှင်းဆီဆိပ်ကြောင့် အိပ်ပျော်သွားသောလူငယ်တစ်ဦး” အဖြစ် နှစ်ပေါင်းများစွာ ကျိန်စာသင့်ချင်ပါသည်။ သစ်ရွက်ကြွေများ ကိုယ့်အနား စုပြုံလွင့်ဝဲလာကြ၏။ ကိုယ်၏အခြားတစ်ပါးသော်အရပ်သို့ မျက်နှာမူခြင်းဖြင့် ကိုယ့်အားလွမ်းခွင့်ပြုပါ။ နှင်းဆီပွင့်ဖတ်များ ကိုယ့်အနားကြဲသီခြင်းဖြင့် ကိုယ့်အားစီရင်ပါ။ နှင်းဆီပွင့်များကြားထဲတွင် ကိုယ်သေဆုံးချင်ပါသည်။ “နှင်း ဆီ ဖြူ ကို ချစ် တယ်” ဟုပြောခွင့်မရခဲ့သော နောက်ဆုံးစကားအား ကိုယ့်အနားထားပေးပါ။ နှင်းဆီဖြူ ….. ကိုယ် … တတ်နိုင်သမျှ ဖြူစင်ရဲရင့်ခဲ့ပါသည်။


(၅း ၁)
“ကိုယ့် …. နောက်ဆုံးအချိန်ရောက်ပြီ” ဟုသိလိုက်ရသောအချိန်တွင် ကိုယ့်အနား … နှင်းဆီဖြူဖြူလေးတစ်ပွင့် .. တဖြည်းဖြည်း ပွင့်လာလေသည် ။ ။






သူ ရ ဿ ဝါ
ရ သ စ ာ ေ ပ အ ႏ ု ပ ည ာ ဘ ေ လ ာ ့ ဂ်

H t t p : / / T h u R a T h a W a h . M y a n m a r b l o g g e r s . I n f o


Friday, November 27, 2009

ကျွန်တော်သိတဲ့အချိန်မှာ မိုးတိတ်သွားပြီ မကြည်ဖြူ


“ကျွန်တော်သိတဲ့အချိန်မှာ မိုးတိတ်သွားပြီ မကြည်ဖြူ”


ကျွန်တော့်ရင်ကိုလှုပ်ခါချကြည့်တော့
ကြွေကျလာတဲ့သစ်ရွက်ဟာ “မကြည်ဖြူ” ပဲ
ဘယ်လိုလုပ်ရမလဲ
မိုးတွေတိတ်သွားပြီ “မကြည်ဖြူ” ရဲ့။
“မကြည်ဖြူ” ရဲ့အသံတွေထဲ ၊ မျက်ဝန်းတွေထဲ
ကျွန်တော့်အရိပ်ကလေး ဝဲမနေတော့ဘူး
နားမလည်ချင်ပါနဲ့ “မကြည်ဖြူ” ရယ်
ကျွန်တော့်စိတ်က အံစာတုံးလိုပဲ
အပြောင်းအလဲများတယ် ၊ တန်ဖိုးအတက်အကျရှိတယ်
နှစ်ယောက်အတူကော်ဖီဆိုင်ထဲက
ကော်ဖီနှစ်ခွက်ဟာ ကျွန်တော့်စိတ်နဲ့အတူ
အေး ……စက်သွားပြီ ။
“မကြည်ဖြူ” ရဲ့ အသားရောင်အကျီ င်္နံဘေးမှာ
ကျွန်တော်ဘာကိုဝတ်ဆင်ထားရမလဲ …… အရောင်မဲ့
ပူပူလောင်လောင်နေ့လည်ခင်းနဲ့
ရေခဲမှတ်အောက်ရောက်နေတဲ့ ရုပ်ရှင်
ဘယ်စကားမှ ဘောင်မဝင်ဘူးဖြစ်နေတယ်။
ဒါလည်း ကစားပွဲတစ်ခုပါပဲ “မကြည်ဖြူ” ရယ်
ဘယ်တော့မှ နောက်တစ်ပွဲအသစ်ပြန်စလို့မရတော့တာကလွဲရင်ပေါ့ ။



သူ ရ ဿ ဝါ
ရ သ စ ာ ေ ပ အ ႏ ု ပ ည ာ ဘ ေ လ ာ ့ ဂ်
H t t p : / / T h u R a T h a W a h . M y a n m a r b l o g g e r s . I n f o

Wednesday, November 25, 2009

Mysuboo Fanclub နှစ်နှစ်ပြည့် ပြဇာတ်ကရန်အတွက် စာမူများ ဖိတ်ခေါ်ခြင်း



Mysuboo Fanclub နှစ်နှစ်ပြည့် ပြဇာတ်ကရန်အတွက် စာမူများ ဖိတ်ခေါ်ခြင်း


            Mysuboo Fanclub ၏ (၂) နှစ်ပြည့်အထိမ်းအမှတ် ပြဇာတ်နှင့် အငြိမ့်ကရန် အတွက် Mysuboo Fanclub မှ စီစဉ်ထားပြီးဖြစ်ပါသည်။ မသိရှိသေးသူများအနေနှင့် အပြည့်အစုံကို အောက်ပါစာတန်းအား နှိပ်၍ ဖတ်ရှုနိုင်ပါသည်။

            အထက်ပါ နှစ်ပတ်လည်ပွဲအတွက် ပြဇာတ်ရေးသားပေးကြပါရန် (မည်သူ့ကိုမဆို) စာမူများ ဖိတ်ခေါ်ပါသည်။ စာမူပေးပို့သူများအနေဖြင့် အောက်ပါစည်းကမ်းချက်များအတိုင်း လိုက်နာပေးပို့စေချင်ပါသည်။

၁ ။ ရိုးရိုးဟာသပြဇာတ် သို့မဟုတ် IT နယ်ပယ်နှင့် ပတ်သက်ဆက်နွယ်သော ဟာသပြဇာတ် ဖြစ်ရပါမည်။

၂ ။ ပြဇာတ်ပုံစံမရေးသားတတ်ပါက ၀တ္ထုပုံစံဖြင့်လည်း ရေးသားပေးပို့နိုင်ပါသည်။

၃ ။ နိုင်ငံရေး ၊ ဘာသာရေး ငြိစွန်းခြင်းမရှိရပါ။

၎ ။ အမည်ရင်း၊ ကလောင်အမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် ၊ ဆက်သွယ်ရန် အီးမေးလ်နှင့် ကိုယ်တိုင်ရေးပြဇာတ်ဖြစ်ကြောင်း ၀န်ခံကတိပြုချက်များ ပြည့်စုံစွာပါရှိရပါမည်။

၅ ။ အပုဒ်ရေ ကန့်သတ်ထားခြင်းမရှိဘဲ ကြိုက်သလောက်ပေးပို့နိုင်ပါသည်။

၆ ။ ၁၀. ၁၂. ၂၀၀၉ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။

            ပေးပို့ရမည့် Email Address မှာ thurathawah.ptk@gmail.com ဖြစ်ပြီး ကပြရန်အတွက် ရွေးချယ်ခံရသည့် ပြဇာတ်ရေးသူကလောင်ရှင်အား ဂုဏ်ပြုငွေ တစ်သောင်းကျပ်နှင့်အတူ ကပွဲတက်ရောက်ခွင့် လက်မှတ်ကိုပါ ပူးတွဲ၍ ချီးမြှင့်မည်ဖြစ်ပါသည်။


                                                                                                                     လေးစားစွာ
                                                                                                                      သူရဿဝါ
                                                                                              ရသစာပေအနုပညာဘလော့ဂ်



နင်ဟာငါ့ .....

“ နင် ဟာ ငါ့ . . . . ”


င ါ့ ဘ ဝ ထဲ က ေ န

န င့်  ကို ဖ ယ် ထု တ် လို က် ရ င်

အ ထီး ကျ န် ခြ င်း ဟာ

ယူ ဇ နာ တ စ် ရာ မ က ရှ ည် လျား လာ မ ယ်

န င် နဲ့  မ ေ တြ ႕ ရ တဲ့ ေ န ႕ မ ်ိ ဳ း ဆို

မို း တိ မ္ ေ တြ ကို ေ တ ာ င္ င ါ ေ မ ာ ့ မ ၾက ည့် ဖြ စ်

“ ဟု န်း ” ခ နဲ ထေ တာ က် တဲ့  တ ေ စ ၦ ည

ဒီ မှာ . . . . . န င့် ဖု န်း ေ ခ ၚ သံ မ ၾက ား ရ ဘူ း ။




သ ူ ရ ႆ ဝ ါ
ရ သ စ ာ ေ ပ အ ႏ ု ပ ည ာ ဘ ေ လ ာ ႔ ဂ်
H t t p : / / T h u r a t h a w a H . M y a n m a r b l o g g e r S . I n f o

Monday, November 23, 2009

ဒုက္ခစီးကြောင်း




`ဒုက္ခစီးကြောင်း´

 

ဒုက္ခပါပဲ
ပန်းတစ်ပွင့်သတ်လို့
ငါအသက်ရှူရပ်နေရပုံ
မုန်တိုင်းမလာခင်
လေပြည်ခပ်ကြမ်းကြမ်းကအရင်
ဒုက္ခပါပဲကွယ် …..



မနူးညံ့တဲ့ပန်းဟာ
ငါ့ရင်ဘတ်ကို လာလာနမ်းတယ်
တကယ်တော့
နင့်ကိုငါ မတွေ့ဘူးဆိုတာ
နင်က ငါ့ကိုမကြည့်လို့ပါပဲ



`အဝေး´ ဖိနပ်ကိုစီး
ငါ့ခရီးက ဘယ်လဲ
ငါက ……
အိုအေစစ်မရှိတဲ့ သဲကန္တာရလို
ယောက်ယက်ခပ်နေ

ဒုက္ခပါပဲ


သူတစ်ခြားကိုချစ်ရတာ
ကိုယ့်လက်မောင်းသွေးကိုယ်
ပြန်ဖောက်ထုတ်နေရသလိုပဲ
တဆစ်ဆစ်နဲ့ …….



ဘယ်တော့မှ မမေ့ကြဘူးဆိုရင်
အဲဒါ …. ဘယ်တုန်းကမှ မတွေ့ခဲ့ကြလို့ပဲဖြစ်မယ်



ကော်ဖီခွက်ထဲ
အထီးကျန်ပိုးမွှားတွေပဲရှိတယ်
လက်မတင်လေး …. နီးကြတော့မလို့
ဒုက္ခပါပဲ



ပွင့်ဖတ်တွေနဲ့ အပေါက်ခံရတာဆိုတော့
မနာဘူး …. ဒါပေမယ့်
ဝမ်းနည်းရတယ်
ပန်းပွင့်အစား ၀တ်မှုန်လေးတွေကို သနားမိ



ငါ့ ….. ဆိတ်ငြိမ်သော ကြေကွဲခြင်းမှာ
နင့်မျက်နက်ဝန်းတွေ အချိုးကျ
ဒုက္ခပဲကွယ်
ငါကလည်း နင့်ကိုမှ …..



လောကအကျယ်ကြီးထဲ
ပြေးရင်းလွှားရင်း
နာရီကိုကြည့်မိတော့
နာရီလက်တံတွေ စိတ္တဇရောဂါရနေ … ရပ်နေ



မြင်နေကျအရိပ်တွေက
မြင်နေကျအတိုင်းမဟုတ်ဘဲ
တွန့်ခေါက်ပြတ်ရွေ့
ဘယ်သူ ….. ငါ့ကိုတွေ့သလဲ



အိပ်မက်ထဲက
စစ်တုရင်ရုပ်မလေး
ငါ့ညတွေထဲအနှံ့
လေထုထဲပျံ့လို့ ……



ဒုက္ခပါပဲ
မုန်တိုင်းကတော့ ဘယ်တုန်းကမှရောက်မလာဘူး
ဒါပေမယ့်
မုန်တိုင်းပွင့်ဖတ် အခြွေအရံတွေက
အမြဲ …. လေစီးသန်တယ် ။                          ။


ယခုကဗျာ၏ ခေါင်းစဉ်ကို `ကဗျာဆရာ ကိုဇာတိ´ မှကျေးဇူးပြုပါသည်။


သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်
 

Tuesday, November 10, 2009

ကဗျာဟုရေးသဖြင့် ကဗျာဖြစ်ကြောင်း




ကဗျာဟာ ကဗျာပတ်လမ်းကြောင်းပေါ်မှာတည်ရှိ
ရှိချင်သလောက်ရှိတဲ့ဒီဂရီနဲ့
စောင်းချင်သလိုစောင်းပြီး လည်ချင်သလိုလည်
ကဗျာဖိုကဗျာမ ဆက်ဆံရေး*
မော်ဒန်ဂိုဏ်းချုပ် ၊ အယ်လ်ပီဂိုဏ်းချုပ်အချို့၊
သူ့ထက်သူလူစွမ်းကောင်းများနဲ့ ကဗျာသိုင်းလောက
ဒီကြားထဲ ကဗျာနာနာဘာဝလောကလည်း ပါဝင်ဆင်နွှဲ
ခင်ဗျားကဗျာဖတ်ပြီး ကျွန်တော်သနားကရုဏာသက်တော့
ခင်ဗျားအတွက်ရေစက်ချအမျှဝေ
ကဗျာအိပ်၊ ကဗျာစား၊ ကဗျာကျင့်၊ ကဗျာကြံ
ဘယ်ကဗျာဘယ်လောက်တန်သလဲ
`အော်´ကဗျာ၊ `ပတ်တီး´ကဗျာ၊ `အင်ဂျင်ညက်´တဲ့ကဗျာ၊
ကဗျာ`အလိုင်းမင်း´
ကဗျာပေါင်ကဗျာရင်းသန်သန်နဲ့ ကဗျာဈေးကစားနေသူ
ဒီမှာ . . ဒီမှာ ခင်ဗျားက ကဗျာပွဲစားလား
ဟုတ်တော့မဟုတ်သေးဘူး
ကဗျာဆရာမကောင်း ကဗျာ့ခေါင်းပေါ်တည့်တည့်
ဘာသားနဲ့ထုထားတဲ့ ဘာတွေထက်သာတဲ့ ဘာသာစကားလဲ
ခင်ဗျားကရော ဘာနဲ့ဒန် ၊ ဘာနဲ့ဒမ်သလဲ
ကဗျာရေးကဗျာရာ၊ ကဗျာရည်လုပွဲ၊ ကဗျာဗျူဟာအခင်းအကျင်း
ပြောလိုက်ရရင်မကောင်းဘူး
သောက်ပြီးရေးရင်တော့ `သောက်ကဗျာ´ပဲဖြစ်မှာပေါ့
တိုင်းရင်းကဗျာစစ်စစ်၊ ပြည်တွင်းဖြစ်ကဗျာ
ကိုလိုနီကဗျာ၊ ဖောရိမ်းကဗျာ၊ အပျော်ဖတ်ကဗျာ
ကျော်ဖတ်ကဗျာ ၊ စသည်ဖြင့် . . . . .
အဆင့်အတန်းခွဲနေလိုက်ကြတာများ
သူတို့ကပဲ ကဗျာအဖေ ကဗျာအမေကြီးတွေလိုလို
`က´ကျက်ရင် `က´စား၊ `ဗျာ´ကျက်ရင် `ဗျာ´စား
ကဗျာပါးဝနေကြသူတွေ
အစွယ်ပြူးပြူး ကဗျာကျူးတဲ့ ကဗျာဘီလူးတွေ
တော်လောက်ပြီလို့ယူဆ၍ ရပ်ထားလိုက်သော
ယခု `သင့်အတွက်မနက်ဖြန်´ကို အခန်းဆက်ကဗျာဟာ
ယူဆစေလိုကြောင်း . . . . ၃၁ ဘုံတွင် ကျင်လည်ကြကုန်တဲ့
ဝေနေယျကဗျာဆရာအပေါင်းတို့ . . . . . . ။                 ။


ဝန်ခံချက် ။          ။ ကိုသိုးထိန်း၏ `ကဗျာဖိုကဗျာမ ဆက်ဆံရေး ´ ကဗျာခေါင်းစဉ်အား စာသားအဖြစ်
                          ယူငင်သုံးစွဲထားပါသည်


သူရဿဝါ
 ရသစာပေအနုပညာဘလော့ဂ်
 http://thurathawah.myanmarbloggers.info
 

Photobucket

Thursday, November 05, 2009

နာတာရှည်ကြသူများ



နာတာရှည်ကြသူများ

ကလေးတွေဆော့တဲ့အရုပ်က
မီးထ, ထပြီးတောက်ပြ


အရပ်ရှစ်မျက်နှာလိုက်ကြည့်တော့
ရှေ့ခုနစ်ဘ၀ ၊ နောက်ခုနစ်ဘ၀အနား ရောက်ခဲ့တယ်


တစ်ကိုယ်ရည်တစ်ကာယအတ္တအတွက်
လက်စွဲမန္တာန် ၊ လက်သုံးစကား ၊ လက်သုံးဓါး


ခင်ဗျားနာမကျန်းဖြစ်တော့
ဘုရားသခင်ကိုပါ `နေမကောင်းဘူးလား´ အဖော်ညှိ


ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
`ဖြန်း´ခနဲ လက်ထဲကဖဲကိုရိုက်ချလိုက်တယ်


` . . . . . . . . . ´ အပြုံးပါးပါးနဲ့ပြော
ဒါ အပြည်ပြည်ဆိုင်ရာ မိုက်ကြေးခွဲနည်းပဲ


တန်းစီပါ တန်းစီပါ ဆက်ဆွဲပြီးမှလက်မနှုတ်နဲ့
လက်ဆွဲနှုတ်ဆက်ပါ


၁၈ နှစ်ပြည့်တာနဲ့ ငရဲကိုတရားဝင်ခြေစလှမ်းလို့ရပြီ
`ကြောင်ကြာကြာရေမငုပ်ဘူး´ ဘယ်သူပြောလဲ
အောက်ဆီဂျင်ဘူးဆောင်ထားတဲ့ . . .
အဲဒီ ကြောင်ဖားတွေ တပုံကြီး


ဟိုမှာ . . . သေချာကြည့်ထား
`ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့´ အစချီ
`လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်´ အဆုံး
လက်ကမ်းစာရွက်ဝေနေတဲ့ လမ်းဆုံလမ်းခွက လူယဉ်ကျေးတွေ ။               ။

သူရဿဝါ


ရသစာပေအနုပညာဘလော့ဂ်


http://thurathawah.myanmarbloggers.info


 

Wednesday, November 04, 2009

ကဗျာဆရာ မပြောဖြစ်လိုက်တဲ့ပုံပြင်



[၁]
ဧပရယ်လ်မှာ
“လွမ်းတယ်” ဆိုတာ
ကိုယ့်စိတ်ကြိုးတန်းပေါ် သူပစ်တင်လှန်းခဲ့တဲ့
အ၀တ်ကလေးတစ်ထည်ဖြစ်လာခဲ့တယ်

[၁း ၁]
တစ်ခါတုန်းကပါ
§         ကံကောင်းချင်တော့ သူငယ်ချင်းတွေနဲ့
§         ကံဆိုးချင်တော့ သူငယ်ချင်းတွေနဲ့
ငပလီလိုက်မသွားဖြစ်ဘူး
§         သို့သော် ဆားငန်ရေက ငန်ဖြစ်အောင်ငန်ခဲ့
တစ်ခါတုန်းကပါ
§         “အချစ်” ဆိုတာ
ကဝေမက လှလှပပလေး ကိုယ်ထင်ပြတာ
§         ဒါကိုမှ ကိုယ်နဲ့မကွာသိမ်း
အသက်ရှည်ဆေးလိုလိမ်းခဲ့ရ
တစ်ခါတုန်းကပါ
§         ညနေကြိုညနေကြား
ညနေသလားဖူးတဲ့လူငယ်
ညနေတကာမှာ . . . .
တစ်ခါတုန်းကပါ
            တစ်ခါတုန်းကပါ
                        တစ်ခါတုန်းကပါ . . . . . .



[၂]
ပြီးခဲ့သောနေ့ရက်တိုင်း
ပြီးခဲ့သော . . . . .
သံဆူးကြိုးတွေလိုနေ့ရက်တိုင်း
ငါ့အပေါ် ရိုင်းကြပါစေ . . . . .

[၂း ၁]
§         လှည်းတန်း မှ မြေနီကုန်း
ညဆယ်နာရီယွန်းယွန်း
တစ်ရာကျပ်တိတိ
မြေနီကုန်းမီးပွိုင့် . . . ညစဉ်ညတိုင်း
§         ဖုန်းခေါ်ဆိုမှု
စမ်းချောင်း - ရန်ကင်း
§         ဖန်ကြိုးမျှင်ဆက်သွယ်ရေး
…….@gmail.com is typing
. . . . . . . . . . Net Diary . . . is connected to . . . . .
Dial-Up . . . .
Hi
း))

§         ကွန်ပျူတာနှစ်လုံး ၊ အချိန်မတော်လိုင်းကား ၊
စမ်းချောင်းမြို့နယ် မင်းလမ်းတွင် . . . . . .  ၊
. . . . . . အရာရာတည်ရှိ . . . . ညဥ့်နက်သန်းခေါင်ရင်ခုန်နှုန်းများ
[၂း ၂]
§         “တစ်ယောက်တည်းခြောက်ခြောက်ခြားခြားမို့ ဖုန်းခေါ်ပါ” မှအစပြု၍
နှစ်ယောက်စာ အစပြု ၊ ကြည်နူး ၊ ကြေကွဲ ၊ ကျန်ရစ်များသို့ . . . . .
အဆုံးသတ်ခေါ်ဆို
§         ၀၁၅ . . . . . Redial . . . . . . ၀၁၅
§         ငှက်ကလေးတစ်ကောင်လိုအသံမျိုး
§         ၁၀ နာရီ . . . ၁၁ နာရီ . . . ၁၂ နာရီ . . အစ . . . ည
၅ နာရီ . . . . အရုဏ်ဦး
§         အိပ်ချိန်စားချိန် လွှဲပြောင်းခြင်းရောဂါ
§         သင်္ကန်းကျွန်းမှ ၊ လှည်းတန်းမှ ၊ စမ်းချောင်းမှ . . . . စမ်းချောင်းသို့
“အသံကြားရုံနှင့်ချစ်မိသော”  ကိုယ်တွင်း၌ အင်းဆက်ပိုးမွှားအချို့ပေါက်ရောက်
[၂း ၃]
§         ရန်ကင်း ဆယ့်နှစ်လုံးတန်းမှတ်တိုင်တွင် ညနေငါးနာရီ
§         လမ်းဘေးအသားကင်ဆိုင်လေး . . . . မှုန်မှိုင်း
§         လော်လီပေါ့ပ်လိမ္မော်ရောင်
§         မကြာခဏ . . . . ရန်ကင်းညနေများ
§         မြကျွန်းသာကန်ဘောင်
§         ခြေထောက်နဲ့လျှောက်ရင်း နှလုံးသားနဲ့လျှောက်
§         “ဖွဖွငြင်သာလှဲပါ ၊ အေးချမ်းမွှေးမြပါ ၊ ယပ်ခပ်ပေးချင်တယ်
မငြင်းလိုက်ပါနဲ့ . . . မငြင်းလိုက်ပါနဲ့
ဒီအချိန်လေးပဲ ဂရုစိုက်ရတာ”
§         ဆုပ်ကိုင်ထားတဲ့လက်ဖမိုးနှစ်ခုကြားမှာ
“ချစ်သူ” အဖြစ်ဟာတည်ရှိ
[၂း ၄]
§         လေးဆယ့်ကိုးလမ်း - ရန်ကင်း
ရန်ကင်း - လေးဆယ့်ကိုးလမ်း
၁၀၈ ဒိုင်နာ
§         ကိုယ်ရေးကိုယ်တာအားလပ်ချိန်သည်
ကိုယ့်နှလုံးသားရေးရာ မအားလပ်ချိန်ဖြစ်
§         ဆယ့်ငါးမိနစ်တိုင်း ဆယ့်ငါးမိနစ်တိုင်းတွင်
ရင်ခုန်သံမြန်ဖူးသော ရူးမိုက်မှုမျိုး
§         လှည်းတန်းမှမြေနီကုန်း . . . ညဆယ်နာရီ . . .
အခါမလပ်ဆက်သွယ် . . . . ညဖြစ်လိုက် . . . မနက်ဖြစ်လိုက် . . .
§         ပြင်းထန်စူးရှတဲ့ သဘာဝလေဘေးဒုက္ခ
ဧရာဝတီတိုင်း . . . ထို့နောက် ရန်ကင်းနှင့်မြောက်ဒဂုံ
§         ဖုန်းလိုင်းများပြတ်တောက် . . .
§         ဖန်ကြိုးမျှင်ဆက်သွယ်ရေး ပျက်ဆီး . . . ပျက်ဆီး . . . ပျက်ဆီး . . .
Hi
Hi
Hi
Hi
((
…….@gmail.com is offline and can't receive messages right now.
…….@gmail.com is offline and can't receive messages right now.
…….@gmail.com is offline and can't receive messages right now.
§         ရန်ကင်းလမ်းဆုံမီးပွိုင့်လို . . . . စိတ်သွားတိုင်း ကိုယ်ထက်ပိုင်းကျိုးကျ
[၂း ၅]
§         “ဟယ်လို . . . . .”
§         “ကို . . . . . . . . . . .”
အဲဒီအသံကို တစ်သက်လုံးမမေ့တော့ဘူး
§         မုန်တိုင်းကိုမေ့သွား . . .
ရက်သုံးဆယ်ကြာလွမ်းဆွတ်မှုကိုမေ့သွား
§         ရန်ကင်းသည်အရင်အတိုင်း
ကိုယ်တို့နှစ်ယောက် . . . အရင်အတိုင်း
Hi
း))


[၃]
လူ့ပြည်က အသက်တစ်စင်းနဲ့
လူ့ပြည်က ဓါးအဝှေ့
ငရဲမှာ . . . . တွေ့သလို . . . ဇွန်လ

            [၃း ၁]
§         လောကနိယာမအတိုင်း အပြောင်းအလဲဇာတ်ညွှန်း
§         ပုံမှန်မဟုတ်တော့သော မိုးရေစက်တွေ
§         အဆင်မပြေခြင်းများ ” ကဗျာ
မင်းကအတ္တကြီးတယ်ဆိုရင်တောင် ငါက
အဲဒီအတ္တကိုကောင်းမွန်စွာသယ်ဆောင်နိုင်သူမဟုတ်ဘူး
ငါကမင်းကိုပျောက်ဆုံးနေသလို
မင်းလည်းငါ့ကို ဖျောက်ဖျက်ပစ်နေခဲ့တာမဟုတ်လား။
§         မလိုချင်ခဲ့တဲ့ ဇွန်လမိုးခေါင်ရေရှားနေ့တစ်နေ့ဟာ
ကိုယ့်ဒိုင်ယာရီထဲ . . . ကိုယ့်ရင်ဘတ်ထဲ အတိအကျရောက်လာ
            [၃း ၂]
§         မင်္ဂလာရုပ်ရှင်ရုံမှ ဇာတ်ကားတစ်ကား
နေ့လည် ၁၂ နာရီခွဲပွဲ
ပြသချိန် ၁၅၀ မိနစ်
§         “လေးနာရီအရောက်အိမ်ပြန်ရမှာ. . . .”  ဇာတ်ဝင်ခန်း
§         အငှားကားတစ်စီးထဲမှာ အဝေးကြီးဝေးသွား . . . မျက်ဝန်းတွေ
§         မွန်းလွဲသုံးနာရီခွဲ ၊ ရန်ကင်းမှလက်ဖက်ရည်ဆိုင်အိုလေးထဲ
နဂါးမျက်စောင်းကို နေပူပူထဲထိုင်စောင့်
“ပြန်လာပါ . . . ပြန်လာပါ . . . ပြန်လာပါ” ဂါထာခေါ်ရင်း
§         တစ်မိနစ်ချင်း တစ်မိနစ်ချင်း ကြေကွဲခြင်းကို ခေါ်လာ
§         အိုဇုန်းလွှာဟာ နူကလီးယားဗုံးလို ပေါက်ကွဲနေသလားကွယ်
§         ပူလောင်၍ . . . ပူလောင်၍ . . . ပူ . . . လောင် . . . ၍
[၃း ၃]
§         အများသုံးဖုန်းတစ်လုံးဘေး
§         “. . . . . . ကိုခေါ်ပေးပါ”
အသံကိုမမြင်နိုင်ဘူးလို့မပြောနဲ့
အစိမ်းရောင်အသံကို နားနဲ့ဆတ်ဆတ်မြင်ရ
§         “ပျော်မယ်ထင်လို့ချစ်ခဲ့တာ . . . . .”
“ပျော် မယ် ထင် လို့ ချစ် ခဲ့ တာ . . . . .”
“ပျော်မယ် . . . . ထင် . . . . လို့ . . . .”
တစ်သက်လုံးမမေ့တော့ဘူး
ထို့နောက် . . . ဖုန်းခေါ်ဆိုမှုပြတ်တောက် . . .
            [၃း ၄]
§         နေကြတ်လကြတ် . . . အဆက်မပြတ်သော
အင်္ဂါချို့ယွင်းသည့်ရက်သတ္တပါတ်
§         နံနက်ခြောက်နာရီ . . . အရာရာရပ်တန့်
နာရီလက်တံများ ၊ အသက်ရှူသံများ ၊
မျက်လုံးများ . . . ဖန်သားပြင်တစ်ခုပေါ်မှာရပ်တန့်
§         ဖန်ကြိုးမျှင် . .  တစ်ဖက်သတ်ဆက်သွယ်ရေး
Inbox (1)
1 unread mail
§          . . . . . . ဆုံးဖြတ်လိုက်တယ် . . . .
ချစ်သူတွေအဖြစ်က . . . ရပ် . . တန့် . . . . ကြဖို့
. . . . . . အကောင်းဆုံးဖြစ်မယ်ထင်ပါတယ် . . . .
. . . . နှစ်လအတွင်း . . .  . . . . . . . . . . . . . . .
. . . . . . . . အရာ . . . အားလုံးအတွက် . . . . . .
ကျေးဇူး . . . . တင် . . ပါ . . . တယ် . . . . . . . .
§         ဟင့်အင်း . . မဟုတ်ဘူး . . . မဟုတ်ရဘူး
§         Refresh !! Refresh !!
§         1 unread mail
1 unread mail
            [၃း ၅]
§         ရင်ထဲ . . . . ဟင်းလင်းပြင်တစ်ခု
ဒါပေမယ့် ရင်ထဲပြည့်ခဲ့
§         လွန်ခဲ့တဲ့ ဧပရယ်လ်မှာကျန်ခဲ့တဲ့ ဧပရယ်လ်နတ်သမီးကို
. . . . . တွေးမိတယ် . . .
§         နှစ်ဆန်းတစ်ရက်နေ့ဖွား နာမည်လေးလုံးနှင့်မိန်းမပျို
§         ဆယ့်သုံးချပ်ဖဲကစားနည်းတစ်မျိုး
§         ပန်းချစ်သူသီချင်း . . . ဆိုပြဖို့ . . .
§         စခရေဘယ်လ်အတူကစားဖို့
§         ဂစ်တာတီးမသင်ပေးလိုက်ရ
§         စစ်တုရင်ကစားနည်းမသင်ပေးလိုက်ရ
§         နှစ်လဟာ ဘာမှမကြာလိုက်သလိုပဲကွယ်
§         မျက်ရည်ကျမိ ၊ ငိုမိတယ်
အလောင်းအစားတစ်ခုခုကြေး . . . ဝေးကြည့်ကြတာဖြစ်မယ်
လူငယ်တွေဆော့နေကျ ကစားနည်းတစ်ခုခုပဲဖြစ်မယ်
အဲဒီလိုပဲဖြစ်မှာပါ . . . . အဲဒီအတိုင်းပဲဖြစ်မှာပါ


[၄]
ကဗျာဆရာက . . . အတန်ကြာ
ငြိမ်သက်ခဲ့အပြီးမှာ . . . .
ပုံပြင်လေးတစ်ပုဒ်ပြောဖို့ ပြင်ဆင်ပါတယ်
ပုံပြင်တစ်ပုဒ်ပြောဖို့စတင်တယ်
ကျိန်စာမပြေသေးတော့ . . . .
လေတွေ ရူးရူးဟူးဟူးတိုက်ခတ်လာတယ်
. . . . . ပုံပြင်လေး . . . မပြောလိုက်ရဘူး


[၅]
ကဗျာဆရာမပြောဖြစ်လိုက်တဲ့ပုံပြင်ထဲကို . . .
အောက်ပါအတိုင်း . . . ဟာ . . . ကျရောက်လာခဲ့တယ်

ကိုယ်.သူမ
ကိုယ် (သူမ)
ကိုယ် . . . သူမ
ကိုယ် . . . . . သူမ
ကိုယ် . . . . . . . . . သူမ
ကိုယ် . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . သူမ
. . . . . . . . . . . . . . . . . . . . . .  သူမ
ကိုယ် . . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . . . . . . . . . သူမ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . သူမ
ကိုယ် . . . . . . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . .  သူမ
ကိုယ် . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . .
ကိုယ် . . . . .
. . . . ကိုယ်
. . .


ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း 
[ အမှတ် (၁၀၆) ၊ စက်တင်ဘာ ၂၀၁၁ ခုနှစ် ]

FACEBOOK FAN PAGE