Subscribe Twitter FaceBook

ကိုယ့်အကြောင်း


သူရဿဝါ ကိုယ်ရေးအကျဉ်း

- ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် (တနင်္ဂနွေနေ့) တွင် အဖ ဦးမောင်မောင်နှင့် အမိ ဒေါ်ခင်လေးယု တို့မှ မွေးဖွား
- အ.မ.က (၁) ကြံခင်း၊ အ.မ.က (၂၇) သင်္ဃန်းကျွန်း၊ အ.ထ.က (၂) ကမာရွတ်၊ ဝါးခယ်မ Government Technical Institute၊ အင်္ဂလိပ်စာ အထူးပြု (အဝေးသင်) ဒဂုံတက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့
- ၂၀၀၇ ခုနှစ် ၊ ဇူလိုင်လထုတ် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံရသော “ပျံသန်းခြင်း” ကဗျာဖြင့် စာပေ လောကထဲ စတင်ရောက်ရှိခဲ့
- ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်း၏ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အတွက် ဟာသ ဝတ္ထုတို ပြိုင်ပွဲတွင် “၂၁ ရာစု ဒဿဂီရိ” ဟာသ ဝတ္ထုတိုဖြင့် အကောင်းဆုံး ဆုရခဲ့
- ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် www.mysuboo.com မှ ကျင်းပသော အဖေနေ့ အထိမ်းအမှတ် ကဗျာ ပြိုင်ပွဲတွင် “အဲဒီ .. ဖေဖေ တည်ခဲ့တဲ့ကမ္ဘာ” ကဗျာဖြင့် ဒုတိယဆု ရရှိခဲ့။
- ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့သော Mysuboo Fan Club (ယခု Suboo Multi Social Network) တွင် အလုပ်အမှုဆောင် အဖြစ် တာဝန်ယူ၍ ယခု အချိန် အထိ ပရဟိတ လုပ်ငန်းနှင့် အသင်း၏ Suboo Literary Club အတွက် စာပေကိစ္စများ တာဝန်ယူ ဆောင်ရွက် လျက်ရှိ
- ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း၊ ပန်းအလင်္ကာ မဂ္ဂဇင်း၊ People မဂ္ဂဇင်း၊ ပေဖူးလွှာ မဂ္ဂဇင်း၊ ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်း၊ ရယ်စရာ မဂ္ဂဇင်း၊ Moda Myanmar မဂ္ဂဇင်း၊ Smart ဂျာနယ်လ်၊ ICT ဂျာနယ်လ်နှင့် TechSpace ဂျာနယ်လ် တို့တွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုနှင့် သရော်စာများ ရေးသားခဲ့ကာ ယခုလက်ရှိ Net Guide ဂျာနယ်လ်နှင့် တို့တွင် သရော်စာ ဆောင်းပါးများ အပတ်စဉ် ရေးသားလျက် ရှိပြီး ယခုလက်ရှိ အချိန်အထိ ဂျာနယ် မဂ္ဂဇင်းများတွင် ပုံနှိပ်ဖော်ပြ ခံရပြီးသော စာပေလက်ရာ အပုဒ်ရေ (၉၀) ကျော်ခန့်ရှိ
- ၂၀၀၈ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် “ရသစာပေ အနုပညာဘလော့ဂ်” အမည်ဖြင့် ကိုယ်ပိုင် Blog တစ်ခု ပြုလုပ်ကာ ယခုလက်ရှိ အချိန်အထိ ရသစာပေများ တစိုက်မတ်မတ် ရေးသားလျက်ရှိပြီး Blog Address မှာ www.thurathawah.net ဖြစ်
- ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ လတွင် ကျင်းပခဲ့သည့် “ဧရာဝတီ နိုင်ငံတကာ စာပေ အနုပညာ ပွဲတော်” တွင် ဘလော့ဂါ ညီလင်းဆက်၊ ဘလော့ဂါ နေဘုန်းလတ်၊ ဆရာမ မြသွေးနီ၊ ဆရာမ ပန်ဒိုရာ တို့နှင့် အတူ Literature & Blogosphere ကဏ္ဍတွင် ပါဝင် ဆွေးနွေးရန် ရှိသလို လူငယ် အခန်း ကဏ္ဍ တွင်လည်း ဆရာမ စုသဲမွန်၊ ယုယ၊ မောင်ရေချမ်း၊ ဘလော့ဂါ နေဘုန်းလတ် တို့နှင့်အတူ ဝင်ရောက် ဆွေးနွေး ဖြစ်ခဲ့

FACEBOOK FAN PAGE